ဘုရားရှိခိုး
၁။ ဗုဒ္ဓဂုဏော အန္တောဟု ကျော်စောထင်ရှား သုံးပါးရပ်သူ နတ်လူဗြဟ္မာ သတ္တဝါကို ခေမာသာခေါင် နိဗ္ဗာန်ဘောင်သို့ ရွှေဖောင်မဂ္ဂင် သင်္ဘောယာဉ်နှင့် ကယ်တင်ဆောင်ယူ ပို့တော်မူသည် နတ်လူတို့ထိပ်ပန်း ရဟန်းတို့ဆရာ အစိန္တေယျာဟု အနန္တဂုဏ်အင် ကျေးဇူးရှင်ကို အဟံ အကျွန်ုပ်သည် ဝန္ဒေ - ဝန္ဒာမိ ရှိခိုးပါ၏ အရှင်ဘုရား။
တရားရှိခိုး
၂။ ဓမ္မဂုဏော အနန္တောဟု တည်သောကမ္ဘာ သတ္တဝါလူနတ် အထပ်ထပ်ကို လေးမြတ်ကြင်နာ အဝိဇ္ဖာနှင့် တဏှာသံယော ကိလေသောမှ ဆေးကြောသုတ်သင် မြူမထင်အောင် ရှောင်ကြဉ်ပေတတ် တရားမြတ်ကို အဟံ အကျွန်ုပ်သည် ဝန္ဒေ -ဝန္ဒာမိ ရှိခိုးပါ၏ အရှင်ဘုရား။
သံဃာရှိခိုး
၃။ သံဃာ့ဂုဏော အနန္တောဟု လောဘ ဒေါသ မောဟကင်းကွာ တဏှာကာမ ကိလေသနှင့် ရာဂအမိုက် နှစ်ခြိုက်မပျော် မမွေ့လျော်ဘဲ ရှင်တော်ဟောကြား မြတ်တရားကို မှတ်သားကြည်ညို မဂ်ဖိုလ်နိဗ္ဗာန် ရောက်ကြောင်းမှန်သည် မြတ်မွန်ထေရ်ကျော် သံဃာတော်တို့ ဂုဏ်တော်ကြီးစွာ့ အနန္တကို အဟံ အကျွန်ုပ်သည် ဝန္ဒေ - ဝန္ဒာမိ ရှိခိုးပါ၏ အရှင်ဘုရား။
မိဘရှိခိုး
၎၊ မာတာပိတုဂုဏော အနန္တောဟု အပြောကျယ်စွာ သံသရာဝယ် မာတာပိတ မိနှင့်ဘတို့ ရေကြည်ကလလပ် တည်ဦးစက ချိုချဉ်ပူစပ် ရှင်းရှင်းပြတ်အောင် မပြတ်ယုယ မိဘတို့မှာ စိုးရိမ်စွာနှင့် အစာဆိမ့်အေး နို့ချိုးပေး၍ မွေးသည့်မိခင် ကျွေးဖခင်ကို အဟံ အကျွန်ုပ်သည် ဝန္ဒေ - ဝန္ဒာမိ ရှိခိုးပါ၏ အရှင်ဘုရား။
ဆရာရှိခိုး
၅။ အာစရိယဂုဏော အနန္တောဟု မိန့်ဟောအရ ကောက်ယူရသော် နယနည်းနာ အဖြာဖြာကို လိမ္မာစေကြောင်း မေတ္တာလောင်း၍ မကောင်းကိုကြဉ် ကောင်းရာညွှန်လတ် နှုတ်မြွှက်သံချို ဆုံးမဆိုသား အဟိုများစွာ သံသရာဝယ် သုံးသွယ်သောကပ် လေးရပ်အပါယ် ရှစ်သွယ်ရပ်ပြစ် ဆိုးပြစ်တို့မှ အဖြာဖြာကို ခေမာဘုမ္မိ ဘေးမရှိအောင် နိဗ္ဗာန်သောင်သို့ ရောက်အောင်ပြညွှန် သွန်သင်ပေတတ် ဆရာမြတ်ကို အဟံ အကျွန်ုပ်သည် ဝန္ဒေ - ဝန္ဒာမိ ရှိခိုးပါ၏ အရှင်ဘုရား။
ဘဒ္ဒန္တ ပညာဝံသ (သာသနဓဇ၊ဓမ္မာစရိယ)
ဗုဒ္ဓဝိဟာရ မြန်မာဗုဒ္ဓဘာသာကျောင်း၊
ချရတ်၊ မလေးရှား။ H/P= 016-3823477 = 0122868327
Melbourne near me Trusted Removalist
1 year ago
0 comments:
Post a Comment