၁။ငါတို့နေရာ ၊ဤကမ္ဘာ၊ တဏှာအုပ်စိုးသည်
၂။တဏှာစေရာ၊ မနေသာ၊ ဖွေရှာဆက်ရသည်။
၃။ရသည့်ဥစ္စာ၊ ချစ်သူပါ၊ စွန့်ခွါသွားရသည်။
၎။ တကယ်အရေး၊ တကယ့်ဘေး၊ ဘယ်သွေးဘယ်သားမကယ်ပြီ။
၅။ ငါနှင့်ရွယ်တူ။ ငါအောက်လူ၊ ကြီးသူသေကြများလှပြီ။
၆။ ခဏမစဲ၊ အိုစမြဲ၊ ကိုယ်လဲ သေဘက်နီးခဲ့ပြီ။
၇။ ဇရာမီးတောင်၊ ကိုယ်တည်းလောင်၊ သေအောင်မြိုက်တော့သည်။
၈။ မသေရခင်။ သွားလမ်းစဉ်၊ ကြိုတင်ပြင်သင့်ပြီ။
၉။ ဒါန သီလ။ ဘာဝနာ၊ လမ်းသာထွင်လိမ့်မည်။
၁၀။မဂ္ဂင်ယာဉ်ကြီး၊ အမြန်စီး၊ ခရီးထွက်တော့မည်။
Melbourne near me Trusted Removalist
1 year ago
0 comments:
Post a Comment